}

Tuesday, December 18, 2012

ငါမသိတဲ့ငါ

အိမ်ပြန်ချိန်တွေကို မေ့ထားပြီး လေလွင့်နေလိုက်တယ် စိတ်လွတ်ကိုယ်လွတ်ပေါ့။ ဘာမှန်းမသိတဲ့အရာက ငါ့ကိုလာတိုက်မိတော့ ငါမေးလိုက်တယ် မင်းဘယ်သူလဲ သူကလည်းပြောပါတယ် အသိဥာဏ်တဲ့လေ။ အော်ဟုတ်သားပဲ ငါမေ့နေတယ် သူကငါပဲလေ ဟုတ်တာပေါ့။ ငါမမှတ်မိတဲ့ငါလေ ဟေ့ အသိဥာဏ်မင်းကဘယ်သွားနေတာလည်း ငါမေးတော့သူဖြေတယ် မင်းလိုပဲပေါ့ မင်းကငါခိုင်းတာကိုလုပ်နေတာလေ ဟုတ်တာပေါ့ သူခိုင်းလို့ငါလုပ်နေတာ။ ငါလည်းဆက်လျှောက်လာ လိုက်တယ် ငါ့ကိုတစ်ခုခုက၀င်တိုက်ပြန်တယ်။ သူဘယ်သူလဲ သူကပြောတယ်မသိစိတ်တဲ့ အော် သူကမသိစိတ်လား မင်းဘာလုပ်တာလည်း ငါမေးတော့သူဖြေတယ်။ မင်းကို အိမ်ပြန်ခိုင်းမလို့လေ အော် တစ်ခါတစ်လေတော့လည်း မသိစိတ် ကလေးက ခိုင်းတာကိုလုပ်ရအုံးမှာပေါ့ ငါတွေးလိုက်မိတယ် ဟုတ်တယ် ငါအိမ်ပြန်ရမယ်။ အသိစိတ်က မပြန်ခိုင်းပေမယ့် မသိစိတ်ကပြန်ခိုင်းတယ်လေ။ အော် နေရာတကာမှာ ငါကငါ့ကို အလိုမလိုက်သင့်ဘူးလေ။

No comments:

Post a Comment